ဆေးရုံ (သို့) ဆေးကုသမှုဌာနမှရောဂါပိုး ဝင်ရောက်ကူးစက်ခံရခြင်း
  
Translated

နာမ်စားစကားလုံး- ဆေးရုံ (သို့) ဆေးကုသမှုဌာနမှရောဂါပိုး ဝင်ရောက်ကူးစက်ခံရခြင်းဖြစ်ပါသည်။

 

သင်သည်ဆေးရုံသို့ကူးစက်ရောဂါကြောင့် နှလုံးအတက် ၊ လေဖြတ်ခြင်း ၊ ကင်ဆာရောဂါဖြင့်ဆေးကုသမှုခံယူနေချိန် ၂ ရက်ကြာပြီးနောက်မှ ရောဂါပိုးကူးစက်ခံရလျှင် ၄င်းကိုဆေးရုံမှ ရောဂါပိုးကူးစက်သည်ဟုအဓိပ္ပါယ်သတ်မှတ်ပါသည်။

 

ဆေးရုံ၊ ဆေးကုသမှုဌာနကြောင့်ရရှိသောရောဂါပိုးကူးစက်ခံရခြင်းအတွက်ပဋိဇီဝဆေးယဉ်ပါးမှုနှုန်းသည်အလွန်မြင့်မားသောကြောင့် အကယ်၍လူနာသည် ဆေးရုံမှရောဂါပိုးကူးစက်ခံရလျှင် သေဆုံးမှုအန္တရာယ် ၊ အခြားမလိုလားအပ်သော ဆိုးကျိုးအန္တရာယ်များရှိနိုင်ပါသည်။

 

နီးစပ်သောစကားလုံးများ-

နာမ်စားစကားလုံး-နိုကိုဆိုမီးယားလ် ရောဂါကူးစက်ခံရခြင်း

Learning point

အထက်ပါအဓိပ္ပာယ်ကိုဆေးရုံ၊ဆေးကုသမှုဌာနမှရောဂါပိုးကူးစက်ခံရခြင်းဟူ၍လည်း အဓိ ပ္ပာယ်သတ်မှတ်ပါသည်။

 

ကျွန်ုပ်တို့သည် ဆေးရုံ ၊ ဆေးကုသမှုဌာနမှ ရောဂါပိုးကူးစက်ခံရခြင်းကို မည်ကဲ့သို့ရှောင်ရှာနိုင်မည်လဲ။

 

ကျွန်ုပ်တို့ဆေးရုံတွင်နေပါက (ပုံမှန်လုပ်ဆောင်နေကြကဲ့သို့) ကျွန်ုပ်တို့ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်ရှိနိုင်ပါသည်။ ဆေးရုံရှိဘက်ထရီးယားပိုးများ၊ပဋိဇီဝဆေးယဉ်ပါးမှုသည်ဆေးရုံပြင်ပဘက်ထရီးယားပိုးများပဋိဇီဝဆေးယဉ်ပါး မှုနှင့် များစွာခြားနားပါသည်။အဘယ်ကြောင်းဆိုသော်ဆေးရုံ၊ဆေးကုသမှုဌာနတို့၌ပဋိဇီဝဆေးများကို အခြား နေရာ များ ထက် ပိုမိုတွင်ကျယ်စွာ သုံးစွဲသောကြောင်းဖြစ်ပါသည်။

၂၀၁၁ခုနှစ်အမေရိကန်နိုင်ငံကူးစက်ရောဂါကာကွယ်ရေးနှင့်တိုက်ဖျက်ရေးဌာန လတ်တလောသတင်းအချက်အလက်များထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံလူဦးရေ ၆၅၀.၀၀၀ မှာ ဆေးရုံ ၊ ဆေးကုသမှုဌာနမှ ရောဂါပိုးကူးစက်ခံရပြီး ၄င်းတို့အနက်မှ ၇၅.၀၀၀ သည် သေဆုံးခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သံယံဇာတအရင်းအမြစ် ပြည့်ပြည့်ဝဝအသုံးမချနိုင်သောကြောင့် ပိုမို၍ ဆေးရုံ ၊ ဆေးကုသမှုဌာန ၊ ရောဂါပိုးကူးစက်ခံရခြင်းဖြစ်နိုင်ပါသည်။

 

ပြည်သူလူထု(သို့)လူနားများအားတတ်နိုင်သမျှ ဆေးရုံ၊ဆေးကုသမှုဌာနမှရောဂါပိုးကူးစက်ခံရခြင်းရှောင်ရှားနိုင်ရန်အတွက်အသုံးဝင်သောအချက်အလက်တချို့ကိုသင်သိသင့်ပါသည်။

 

အမှတ်(၁) ဆေးရုံ၊ဆေးကုသမှုဌာနမှ ရောဂါပိုးကူးစက်ခံရနိုင်သနည်း သင်သိရှိပါ။

 

လူအတော်များများသည်ဆေးရုံ၊ဆေးကုသမှုဌာနများမှ ရောဂါပိုးကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ကိုမသိရှိပါ ၊ အမေရိကန်နိုင်ကဲ့သို့တချို့နိုင်ငံများတွင်သင်တက်ရောက်နေသောဆေးရုံ၏ ဆေးရုံမှရောဂါကူးစက်ခံရခြင်း အမှတ်ပေး စာရင်း ဇယားကို အခမဲ့အင်တာနက်ကွန်ယက်မှတဆင့်ဝင်ရောက်ကြည့်ရှုပြီးသိရှိနိုင်ပါသည်။

 

အမှတ်(၂) ခွဲစိတ်ကုသမှုမခံယူခင်(သို့) ဆေးရုံမတက်ခင်ရေချိုးပါ။

သင်ဆေးရုံမဝင်ခင်၊မတက်ရောက်ခင်အထူး၊သီးသန့်ဆပ်ပြာရေချိုပြင်(သို့)အခြားပိုးသတ်ဆေးပါသော အရက် ပြာအဝတ်သုံးရမည်လားကိုသင်၏ဆရာဝန်အား လိုအပ်သောအထူးဂရုစိုက်ရမည် အချက်များမေးပါ

 

အမှတ်(၃)ဆေးရုံများရှိလူနာများ၏လက်သန့်ရှင်းစင်ကြယ်ခြင်း၌ကူညီပါ။လူများမိမိ၏လက်ကိုဆေးကြောခြင်း အမူ အကျင့်ပြုလုပ်ဖို့တိုက်တွန်းပါ။

 

ကျွန်ုပ်တို့၏လူမှုပတ်ဝတ်ကျင်အသိုင်းအဝန်းတွင်လူတစ်ယောက်အားလက်ကိုစင်ကြယ်စွာဆေး ကြောဖို့ပြု လုပ်ရန်တိုက်တွန်းပြောကြားခြင်းသည် တစုံတယောက်အား စော်ကားခြင်း၊ ရိုင်းပြခြင်းအမူအကျင့် တခုဖြစ်သဖြင့်အလွန်တရာခက်ခဲ့သောအလုပ်တစ်ခုဖြစ်ပါသည်။သို့သော်လည်းလက်ကိုစင်ကြယ်စွာ ဆေး ကြောခြင်းသည်ဆေးရုံမှရောဂါကူးစက်ခံရခြင်းမှကာကွယ်ရန်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ဆရာဝန်ကျန်းမာရေးလုပ်သားအများစုအားမည်သည့်အချိန်မဆိုသူတို့၏လက်ကိုစင်ကြယ်စွာ ဆေးကြော ရန်တောင်းဆိုမှုပြုလုပ်ပါကသူတို့သည်အသာတကြည်လက်ခံမည်ဖြစ်ပါသည်။ို့ကြောင့်လူတိုင်း(သင်နှင့်သင့်ဆွေမျိုး၊ကျန်းမာရေလုပ်သားများ)သည်(၁)သင်၏ကိုယ်ခန္ဓာအားသူတို့၏လက်ဖြင့်မထိတွေ့ခင်(၂) မည်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုမျိုးမဆိုမပြုလုပ်ခင်(၃)ကိုယ်ခန္ဓာမှထွက်ရှိသောအရည်ဖြင့်တွေ့ကိုက်တွယ်ပြီး နောက်(၄)သင်၏ ကိုယ်ခန္ဓာအားသူတို့၏လက်ဖြင့်ထိတွေ့ပြီးနောက(၅)သင်၏ပတ်ဝန်းကျင်အားသူတို့၏လက်ဖြင့် ထိတွေ့ပြီးနောက် စသည်တို့ကိုပြုလုပ်ပြီးနောက်သူတို့၏လက်ကိုစင်ကြယ်စွာဆေးကြောရမည်။မည်သည်အခါပြောဆိုရန်နောက်မတွန့်ပါနှင့်ဝမ်းနည်းပါသည်ခင်များသင်၏လက်ကိုပြန်လည်ဆေးကြောမှုပြုလုပ်ပေးပါ။အဘယ်ကြောင့် ဆိုသော် ကျွန်တော်သင်လက်ဆေးခြင်းပြုလုပ်သည်ကို မတွေ့ရှိသောကြောင့်ဖြစ်ပါသည်။

 

အမှတ်စဉ်(၄)အရာဝတ္ထုအားလုံးသန့်ရှင်းစင်ကြယ်စွာရှိနေပါစေ

 

အမှတ်စဉ်(၅)အကြောဆေးနှင့် ဆီးပိုက်ထည့်ရန်လိုအပ်ပါသလား၊ မလိုအပ်ပါသလားဟုစစ်ဆေးပါ။ နေ့စဉ်နေ့တိုင်း ဆီးပိုက်၊အကြောဆေး၊ မပိုက်လှိုင်း နှင့် အခြားပိုက်များကိုဖြုတ်ဖို့လိုသလားမေးပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းအရာများကြာရှည်စွာရှိနေခြင်းသည်ရောဂါပိုးကူးစက်ခံရဖို့အန္တရာယ်ရှိသောကြောင့်ဖြစ်ပါသည်။ သင်သည် ပဋိဇီဝဆေးသောက်ရန်ညွှန်ကြားခြင်းခံရပါက လိုအပ်သလားဟုမေးမြန်းပါ။ အဘယ်ကြောင့်ဆိုသော် ပဋိဇီဝဆေးအလွန်အကျွံနှင့်မှားယွင်းစွာသုံးစွဲပါကသင်၏ဆေးရုံမှရောဂါပိုးကူးစက်ခံရခြင်း အန္တရာယ်ပိုမိုရရှိ နိုင်သောကြောင့်ဖြစ်ပါသည်။

အမှတ်စဉ်(၇) ဝမ်းလျှော့၊ဝမ်းပျက်သည့်အခါ ကြည့်ရှုစစ်ဆေးခြင်း

 

အကယ်၍သင်သည် ဆေးရုံတက်နေစဉ်အတွင်း ဝမ်းလျှော၊ဝမ်းပျက်ဖြစ်ပါက ဆရာဝန်အားအကြောင်းကြားပါ။ အဘယ် ကြောင့်ဆိုသော် ထိုအရာသည် ဆေးရုံမှရောဂါပိုးကူးစက်ခံရခြင်းဖြစ်နိုင်ပါသည်။

 

အမှတ်စဉ်(၈) တခဏတာ ဆေးလိပ်ဖြတ်ခြင်း၊ အရက်သောက်ခြင်းတို့စွန့်လွှတ်ရန်

 

သင်သည်ဆေးရုံမှရောဂါကူးစက်ခြင်းအခံရအောင် ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းတို့ကို တတ်နိုင်သမျှ ဆေးရုံတက်နေချိန်အတွင်းမပြုလုပ်ရပါ။ဆေးရုံတက်နေချိန်အတွင်းဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များသည်မည်သို့ဖြစ်မည်ကိုမသေချာချိန်အတွင်းအထက်ပါ(၈)ချက်သည်သင်ကိုဆေးရုံမှရောဂါကူးစက်ခြင်း မခံရအောင် လျှော့ချသောနည်းလမ်းများ ဖြစ်ပါသည်။

 

ဆက်စပ်လျှက်ရှိသောစကားလုံးမျာ-းလူထုထံမှရရှိနိုင်သောရောဂါကူးစက်ခြင်း၊ပဋိဇီဝဆေးမှု၊ပဋိဇီဝဆေးဦး ဆောင်မှုကဏ္ဍ၊

 

ဗွီဒီယိုဖိုင်-ဆေးရုံမှကူးစက်ရောဂါခံရခြင်းနှင့်ပတ်သက်သောဆေးရုံမှကူးစက်ရောဂါခံရခြင်းနှင့် မည်ကဲ့သို့ကာကွယ် ရမည်နည်း။

 

သင်၏အသက်ကိုယ်ကယ်တင်ပါသင်၏လက်ကိုဆေးကြောပါ။ယနေ့သင်မပြုလုပ်ခဲ့လျှင်မနက်ဖြန်ဤရောဂါ ကုသ ရန် အတွက်ကုထုံးမရှိပါ။

 

ကိုးကားချက်များ။

1 WHO. (2016). Guidelines on core components of infection prevention and control programmes at the ... national and acute health care facility level. ISBN 978-92-4-154992-9

2 Consumer Reports. (2016). 15 Tips for Preventing Infections in the Hospital. Retrieved from https://www.consumerreports.org/hospital-acquired-infections/15-tips-for-preventing-infections-in-the-hospital/

3 Mitchell, E. (2015, May 13). 5 Things You Can Do To Avoid A Hospital-Acquired Infection. Retrieved from http://blog.eoscu.com/blog/5-things-you-can-do-to-avoid-a-hospital-acquired-infection

4 WHO. (2013, May 03). About SAVE LIVES: Clean Your Hands. Retrieved from http://www.who.int/gpsc/5may/background/5moments/en/

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ